16 Views· 21 June 2022
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်တွေ နောက်ကွယ်က ဖန်တီးသူ - BBC News မြန်မာ
ကိတ်မုန့်ဖန်တီးသူတစ်ယောက်အတွက်တော့ မွေးနေ့ရှင်ပေါင်းများစွာအတွက် ကိတ်မုန့်အမှာတွေ သူ့ဆီရောက်နေကျပါ။ အစိုးရအဆင့်မြင့်ပိုင်းတာဝန်ရှိသူတွေ၊ နိုင်ငံတကာက အကြီးအကဲတွေ၊ အဆင့်မြင့်အရာရှိတွေ၊ သာမန်ပြည်သူတွေ စတဲ့ သူတွေအတွက် ကိတ်မုန့်တွေဖန်တီးပေးခဲ့တာ မရေတွက်နိုင်အောင်ပါပဲ။ ဖန်တီးပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေ၊ ကိတ်တွေထဲမှာမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကိတ်မုန့်လုပ်ပေးခဲ့ရတာတွေက အမှတ်တရတစ်ခုပါလို့ ပြောလာသူက စားဖိုမှူး Chef တစ်ဦးဖြစ်သလို Baker တစ်ဦးလည်းဖြစ်တဲ့ ရိုမီယိုသူ ပါ။
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်မုန့်တွေဖန်တီးပေးခဲ့ရသူတစ်ယောက်ရဲ့ အတွေ့အကြုံတွေ နဲ့ အမှတ်တရတွေ နောက်ပြီးတော့ တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကာလမှာ အော်ဒါရောက်လာလို့ဖန်တီးပေးခဲ့ရတဲ့ မွေးနေ့ကိတ်မုန့် အကြောင်း တို့ကို ဒီရုပ်သံမှာ ပြောပြထားလို့ ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိနေအိမ်အကျယ်ချုပ်ကာလဖြတ်သန်းမှုအကြောင်း အထူးဆောင်းပါးကိုလည်း ဘီဘီစီက မကြာခင်တင်ဆက်ဖို့ရှိနေပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ဒေါ်အောင်ဆန်းစုကြည် #၇၇နှစ်ပြည့်မွေးနေ့ #စစ်အာဏာသိမ်း #ဒီမိုကရေစီ #ကိတ်မုန့် #မြန်မာ
0 Comments